နေပြည်တော် ဇွန် ၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်မှ ၂၉ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများ အရ တရားမဝင်ကျွန်း (၃၄ ဒသမ ၇၀၇၂) တန်၊ သစ်မာ (၃၂ ဒသမ ၈၅၂၄)တန်၊ အခြား (၃၂ ဒသမ ၅၂၇၈)တန်၊ စုစုပေါင်း (၁၀၀ ဒသမ ၀၈၇၄)တန်၊ တရားခံ (၂၇)ဦး၊ ယာဉ်/ ယန္တရား (၂၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)