ရန်ကုန်၊ မေ  ၃၁

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ (၈) ရပ်ကွက်၊ အောက်နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာ ဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရ ှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်၊  ၁၁ ရပ်ကွက်၊ အောက်နှင်းဆီလမ်းရှိ ဆည်မြောင်း ချောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှုနှင့် ၂၂ ပေအကျယ်ရှိ ဆည်မြောင်းချောင်း၏ ဝဲ/ယာတွင်   မြေထိန်းနံရံပြုလုပ် နေမှုတို့ကိုလည်းကောင်း၊  ရန်ကင်းမြို့နယ်၊ ၄ ရပ်ကွက်၊ ရန်ငြိမ်းလမ်းသို့ သွားရောက်၍ ရန်ငြိမ်းလမ်း ကွန်ကရိလမ်းသား တိုးချဲ့ခင်းကျင်းနေမှုကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်၊  ၁၆ ရပ်ကွက် ပြည်တော်အေးလမ်းသို့ သွားရောက်၍ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက် အကြား ခုနှစ်ပင်လိမ်ချောင်းအတွင်း ၇ တန်ခွဲ Amphibious Excavator စက်ယန္တရားဖြင့် အမှိုက်နှင့် နုန်းများ  ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းကမ်းတစ်လျှောက် မြေညှိပြုပြင်ခြင်းနှင့် ချောင်းကြမ်းပြင် ပြန်လည် တူးဖော်ခြင်း ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု ၄ လမ်းရှိ ခုနှစ်ပင်လိမ်ချောင်း ရေထိန်းတံခါးသို့ သွားရောက်၍ ရေစုပ်စက်တပ်ဆင်ထားရှိပြီး  ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုတို့ကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ ရေပေါက် ကြည်ချောင်း ရေထိန်းတံခါးသို့သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ရေစီး ရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ရေစုပ်စက်များ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းလျားကန်ပေါင်သို့ သွားရောက်၍ အင်းလျားကန် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)