တန့်ယန်း ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ အားလုံးကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။
အဆိုပါ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများ စတင်ဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာ ရေးမှူး ဦးသိန်းထွန်းဦးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတို့နှင့် အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၁၁၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း စုစုပေါင်း (၁၂၄)ကျောင်းရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)