ဝါရှင်တန်     ဇွန်    ၃ 

အမေရိကန်ပြည်ထဲရေးဝန်ကြီး ဒက်ဗ်ဟာလန်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း ယနေ့ သတင်းများအရ သိရသည်။ 

ဒက်ဗ်ဟာလန်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထပ်ဆောင်းထိုးနှံမှု  ခံယူထားသည့်အတွက် ရောဂါကူးစက်ခံထား ရသော်လည်း  နေထိုင်ကောင်းလျက်ရှိကြောင်း ၎င်း၏တွစ်တာ စာမျက်နှာတွင် ဖော်ပြထားသည်။ 

ထို့ပြင် ကာကွယ်ဆေးထိုးနှံမှုခံယူကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူထားခြင်းသည် ရောဂါခုခံနိုင်စွမ်းကို ပိုမိုမြင့်တက်စေကြောင်း ၎င်းက အမေရိကန်ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။ 
အသက် ၆၁ နှစ်အရွယ် ဟာလန်သည် အမေရိကန်ပြည်ထဲရေး ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်မှစပြီး တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၄ သန်းကျော်ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း တစ်သန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့စ်ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။ 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်