မိုင်းဖြတ် ၊ ဇွန် ၃

 

             

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇွန်လ ၂ ရက်နေ့၌ စတင် ဖွင့်လှစ် သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  (၁၄၇၂၅)ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

           

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကို  နယ်မြေခံတပ်ရင်းများမှာ တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

           

မိုင်းဖြတ်မြို့နယ်တွင်  အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းခွဲ(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း (၄၄)ကျောင်း၊ မူလတန်း(ခွဲ)(၂၅)ကျောင်း စုစုပေါင်း (၈၄)ကျောင်း ရှိကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဇွန်လ၂ရက်နေ့အထိ ကျောင်းအပ်နှံသူ(၄၈၃၈)ဦးရှိပြီး တက်ရောက်သူ (၄၇၂၅) ဦး ရာခိုင်နှုန်းအားဖြင့် (၁၀၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရွှေကို(မိုင်းဖြတ်)