နေပြည်တော်၊ ဇွန်  ၃

 

 

ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အပြည့်အဝ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန် ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် နိုင်ငံတော်ပိုင် ဘဏ်ကြီးတစ်ဘဏ် ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာနဆိုင်ရာအားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ၊ ဆုကြေးကိစ္စရပ်များကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများအပေါ် ကုစားရေးအတွက် ချေးငွေများကိုလည်း ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်နှင့် စပ်လျဉ်း၍ သတ်မှတ်ရေး ဆွဲပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ပို့ချပေးလိုက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ကောင်းစွာသိရှိ နားလည်ပြီး လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် သေချာစွာ မှတ်သားလိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ခေတ်နှင့်အညီ IT နည်းပညာဖြင့် ဆောင်ရွက်သည့် Core Banking စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်၍ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်သူများက အစဉ်အားထား ယုံကြည်ရသည့် ဘဏ်တစ်ခုဖြစ်၍ ယင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဘဏ်နှင့် ဆက်သွယ်သူ ပြည်သူများကို စေတနာထားကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အပြည့်အဝ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် မှာကြား လိုကြောင်း ပြောကြားသည်။

 

ယခုဖွင့်လှစ်သည့် သင်တန်းသို့ မြန်မာ့စီးပွားရေးဘဏ်တွင် လက်ထောက်မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်သား/သင်တန်းသူ (၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် () ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်