မြို့သစ်       ဇွန်       ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းဒေသမှ ထွက်ရှိလာသည့် အာလူးများ စျေးကောင်းရရှိနေကြောင်း သိရသည်။

အဆိုပါ အောင်ပန်းဒေသထွက် အာလူးများသည် မြို့သစ်မြို့ စည်ပင်သာယာစျေးသို့ ခြောက်ဘီးကား နှစ်စီးဖြင့် သုံးရက်တစ်ခါ ရောက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များထက် စျေးကောင်း ရရှိနေကြောင်း၊ လက်ရှိတွင် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ဝန်းကျင် ရရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)