မလှိုင်၊ ဇွန် ၆
မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)တွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတမှု ရှိစေရေး၊ အရိပ်ရအပင်များ ရရှိစေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံ ကျေးငှက်သားရဲ တိရစ္ဆာန်များ မှီခိုကျက်စားနိုင်စေရန် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုအတွက် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် ကျွန်းပင်(၅၀)၊ တမာပင်(၅၀)၊ ဗန်ဒါ(၃၄)ပင်၊ ကုက္ကိုလ်ပင်(၃၀)၊ ယင်းမာပင်(၅၀)၊ မယ်ဇလီပင်(၃၀)၊ ရေတမာပင်(၄၀)၊ ငုဝါပင်(၁၀)၊ စိန်ပန်း(၁၀)ပင်၊ မယ်ဇယ်(၂)ပင် စုစုပေါင်း (၃၀၆)ပင် စိုက်ပျိုးခဲ့သည်။
အောင်ဌေး(မလှိုင်)