ကျောင်းကုန်း ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် မည့် ဗြိုက်ကြီးကျေးရွာအုပ်စု ဗြိုက်ကြီးကုန်းစု ကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်းခြင်းကို ဇွန်လ ၅ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းကုန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာမြတ်မွန်က Cash For Work စီမံကိန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာစီမံကိန်းကော်မတီ ရွေးချယ်ရမည့်စည်းကမ်း ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူကျေးရွာသားများမှ ကျေးရွာ Cash For Work စီမံကိန်း လုပ်ငန်းကော်မတီဝင် များအား သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ကျား(၄)ဦး၊ မ(၃)ဦး စုစုပေါင်း (၇)ဦးနှင့် ဝေဖန်အကြံပြုဖြေရှင်းခြင်းကော်မတီဝင် ကျား (၁)ဦး၊ မ (၁)ဦးအား အတည်ပြုရွေးချယ်ခဲ့ပြီးနောက် ကျေးရွာလူထု၏ သဘောဆန္ဒဖြင့် စီမံကိန်းလုပ်ငန်းအား ရွေးချယ်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တေဇာလင်း