ရွာငံ ဇွန် ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အတတ်ပညာများပြန့်ပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး မိသားစု ဝင်ငွေတိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်း(အခမဲ့)သင်တန်းကို ရွာငံမြို့နယ်၊ ကျောက္ကူပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း(အခမဲ့) သင်တန်း ဖွင့်ပွဲသို့ ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ယံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား(၂၀) တို့တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်းကို ကျွမ်းကျင်ဆရာများကစာတွေ့၊ လက်တွေ့ (၁၅)ရက်ကြာ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ