နေပြည်တော်    ဇွန်     ၆

             

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးတင့်၊  ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၁ (မန္တလေး) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀  (ရန်ကုန်)၊ ၁၈/၂၀၂၀(ရန်ကုန်)နှင့် ၇/၂၀၂၂ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှု တို့ကို စီရင်ချက်ချမှတ်သည်။

           

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၀/၂၀၂၁ (ရန်ကုန်) နှင့် တရားမ အထူးအယူခံမှုအမှတ် ၂၅ / ၂၀၂၁ (တနင်္သာရီ)၊ ၂၆ / ၂၀၂၁  (တနင်္သာရီ)၊  ၃၁/၂၀၂၁ (မန္တလေး)  နှင့် ၈/၂၀၂၂ (ရန်ကုန်)၊  စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)