မြစ်ကြီးနား ဇွန် ၆

 

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျောင်းများနှင့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန် ၁ ရက်မှစတင်၍ သုတ/ရသ စာအုပ်စာစောင်များကို စာပေချစ်သူများထံသို့ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိသည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းလာပြီဖြစ်၍ စာအုပ်စာပေချစ်မြတ်နိုးသူများသည် စာပေများဖတ်ရှုခြင်းဖြင့် အတွေးအမြင်များ ကြွယ်ဝလာစေရန်၊  အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မရှိဖြစ်နေသည့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ လက်ဝယ်အရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးလျက်ရှိသည်။

 

အဆိုပါ ငှားရမ်းပေးခဲ့သော စာအုပ်များကို တစ်လလျှင် နှစ်ကြိမ် လစဉ် စာအုပ်အသစ်များ လဲလှယ်ဖြည့်ဆည်း ငှားရမ်းပေးလျက်ရှိပြီး ကျေးရွာများသို့လည်း သုတ/ရသစာအုပ်များ ဆက်လက်ငှားရမ်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆိုင်းနှစ်(ပြန်/ဆက်)