နယူးဒေလီ ဇွန် ၇
ယခုနှစ် ပထမငါးလအတွင်း အိန္ဒိယနိုင်ငံ မြို့တော်တွင် ယာဉ်မတော်တဆမှုများကြောင့် ၅၀၅ ဦး နီးပါးသေဆုံးပြီး ၂၁၅၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၅ ရက်တွင် ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု များအနက် ၄၉၅ မှုသည် အသက် ဆုံးရှုံးရသည့် ယာဉ်မတော် တဆမှုများဖြစ်ကာ ၁၇၆၂ မှုမှာ သာမန်ယာဉ် မတော်တဆမှုများ ဖြစ်ပြီး ၄၃ မှုမှာ ထိခိုက်ဒဏ်ရာ မရရှိသော ယာဉ်မတော်တဆမှု များဖြစ်ကြောင်း အချက်အလက်အရ သိရသည်။
သေဆုံးမှု အများဆုံးအရေ အတွက်မှာ အော့တာနာ့ခရိုင်မှ ၅၆ ဦးဖြင့် အများဆုံးဖြစ်ပြီး အနောက်မြောက်ပိုင်းခရိုင်မှ ၅၀၊ အနောက်တောင်ပိုင်းခရိုင်မှ ၄၆ ဦး နှင့် အနောက်ပိုင်းခရိုင်မှ ၄၅ ဦး တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သေဆုံးမှုအနည်းဆုံး အရေအတွက်မှာ ရှာဒရာခရိုင်မှ ၁၆ ဦး၊ အလယ်ပိုင်းခရိုင်မှ ၁၉ ဦး နှင့် နယူးဒေလီ၊ ရိုဟီနီနှင့် တောင်ပိုင်းခရိုင်တို့မှ ၂၁ ဦးစီတို့ ဖြစ်သည်။
ဒေလီ၏ အရှေ့တောင်ပိုင်းခရိုင်သည် မတော်တဆဖြစ်ပွားမှု ၂၂၂ မှုဖြင့် အများဆုံးဖြစ်ပြီး အနောက်တောင်ပိုင်းခရိုင်မှ ၁၉၂ မှု၊ အော့တားရော့ခရိုင်မှ ၁၉၁ မှု နှင့် အနောက်ပိုင်းခရိုင်မှ ၁၈၆ မှု တို့ဖြစ်ကြောင်း သိရသည်။ နယူးဒေလီခရိုင်သည် မတော်တဆ ဖြစ်ပွားမှု ၇၅ မှုဖြင့် အနည်းဆုံး ဖြစ်ပြီး ရှာဒရာခိုင်မှ ၇၇ မှုနှင့် ရိုဟီနီခရိုင်မှ ၁၀၀ မှုဖြင့် အနည်း ဆုံးဖြစ်သည်။
အိန္ဒိယနိုင်ငံ မြို့တော်သည် ယမန်နှစ်က အသက်ဆုံးရှုံးရသည့် ယာဉ်မတော်တဆမှု ၁၂၀၆ မှု နီးပါးရှိကြောင်း၊ အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားမှုမှ ၁၂၃၉ ဦးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ယခင်နှစ်က အလားတူ ကာလနှင့် နှိုင်းယှဉ် ကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ် တွင် အသက်ဆုံးရှုံးရသည့် မတော်တဆမှုသည် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ