မောက်မယ် ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ပညာ သင်ကြားနေသည့် အခြေခံပညာအဆင့် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ဇွန် ၇ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကွန်ကျိုင်းရပ်ကွက် အမက၊ ဆီဆုံရပ်ကွက်အမက၊ ကုန်းဆာ အမက ၊ ကဒူးလေးအမက၊ နမ့်လွတ်အမက၊ ပုန်းအောင်အမက၊ ထီပျဉ်အလကခွဲ၊ ထီဝါးဖေါ့ မူလွန် စသည့် ကာကွယ်ဆေးထိုးစုရပ်အသီးသီး၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိသည်။
မောက်မယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အသက် ၅ နှစ်မှ ၁၂ နှစ် အထိ ကျောင်းသား ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinophram ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)