တာမွေ ဇွန် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ၂၈၀ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇွန် ၇ ရက် နံနက်ပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၃၄) အခြေခံပညာ မူလတန်းကျောင်းတို့တွင် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ၅၈၀၀ ရှိရာ ယနေ့အထိ ကျောင်းသား ကျောင်းသူ ၅၈၅ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
နိုင်လင်းအောင်(တာမွေ)