ငါးသိုင်းချောင်း၊ ဇွန် ၇
(၂၀၂၂)ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အ.မ.က ရေတံခွန်ကျောင်းနှင့် (အ.မ.က)ဆိတ်ချေးကုန်း ကျောင်းတို့၌ ဇွန် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အ.မ.က ရေတံခွန်ကျောင်း၌ ဟောပြောပွဲကျင်းပခဲ့ရာ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အထိမ်းအမှတ်နေ့နှင့်ပတ်သက်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပမည့် အစီအစဉ်များကို ပြောကြားခဲ့ပြီး ရုပ်သံကျွမ်းကျင်(၃) ဦးခင်မောင်မြင့်က မူးယစ်ဆေးဝါး အလွဲသုံးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ အဆိုပါကျောင်းရှိ (Grade-4)နှင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့သစ်ရပ်ကွက်၊ ဆိတ်ချေးကုန်း (အ.မ.က)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းရှိ Grade-4 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထို့အပြင် မူးယစ်ဆေးဝါးအလွဲသုံးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အထိမ်းအမှတ် ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)