ချောက် ဇွန် ၇

 

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌   ၂၀၂၂ ခုနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) လအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇွန် ၆ ရက်မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၃၈)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ဇွန် ၇ ရက်တွင် ထောက်ပံ့ငွေအားလုံး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင်  မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင် ကျပ် ၁၀၀၀ဝ နှုန်းဖြင့် (၃)လစာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ချောက်မြို့နယ်အတွင်း ရပ်ကွက်(၁၅)၊ စလေမြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁)အုပ်စုမှ ဘိုးဘွား ၁၀၃၈ ဦးအတွက် စုစုပေါင်းငွေကျပ် ၃၁၁၄၀၀၀၀ တိတိအား ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကျော်မိုး(ပြန်/ဆက်)