ရန်ကုန် ဇွန်  ၇

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက် ရေကူးဘူတာရုံလမ်း၌ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်ကာ ရွှေမြန်မာဆီမျိုးစုံရောင်းဝယ်ရေးဆိုင်ကို ဇွန် ၇ ရက် နံနက်ပိုင်းက ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

 

မရမ်းကုန်းမြို့နယ်အနေဖြင့် ရောင်းဝယ်ရေးသမဝါယမအသင်း ၁၇ သင်း ရှိသည့်အနက် မြို့နယ်အတွင်း ရွှေမြန်မာဆီမျိုးစုံရောင်းဝယ်ရေးဆိုင်အား ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အေးအေးအောင်(ပြန်/ဆက်)