အိမ်မဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုများ လျော့နည်းနေသော်လည်း၊ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ကာကွယ်ဆေး ထိုးထားသူများလည်း ထပ်မံရောဂါပိုးကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ မိမိတွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန်နှင့် ယခုအချိန်၌ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအား ကာကွယ်ဆေးများ မပျက်မကွက် သွားရောက်ထိုးနှံပေးကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်
အိမ်မဲ (ပြန်/ဆက်)