ဘားအံ ဇွန် ၇

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် အ.ထ.က(၄) ကျောင်းလမ်း (မြို့ပတ်လမ်း) တို့ကို ချိတ်ဆက်သော အရှည် ၁၃၄၇ ပေ၊ အကျယ်ပေ(၅၀) မြေသားလမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြေသားလမ်း သစ်ဖောက်လုပ်ပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါလမ်းကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မ ှဆောင်ရွက်သော အမှတ်(၁) ရပ်ကွက်၊ ကန်သာယာပတ်လမ်း ကျောက်စီမြေထိန်းနံရံ (၁၆၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) အနီး ဈေးဆိုင်ခန်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဘားအံ-ထုံးအိုင် ကားလမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက် မြောင်းဖုံးပါအုတ်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် သံလွင်တံတားထိပ်(ဘားအံဘက်ခြမ်း) သုံးမြှောင့်လမ်းဆုံအနီး ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)