နေပြည်တော် ဇွန် ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အပူပိုင်း သစ်တောကြိုးဝိုင်း များ၏ ဂေဟ စနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ်၊ မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၁)ရှိ (၆/၂၀၂၀) တံခွန်တိုင် ဆည် ရေဝေရေလဲစိုက်ခင်း ဧက (၆၀) နှင့် ဝမ်းတွင်းမြို့နယ်၊ မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၁၀)ရှိ (၈/၂၀၂၀) ရေဝေရေလဲစိုက်ခင်းဧက (၂၀၀) သို့ရောက်ရှိရာ တာဝန်ရှိသူများက စိုက် ခင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး က စိုက်ခင်းများ ရှင်သန်အောင်မြင်နေမှုကို ကြည့်ရှု စစ်ဆေး ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် မယ်ညိုတောင်စိမ်းလန်းစိုပြည်စေရေး အတွက် မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ရေဝေရေလဲ စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ ရေရရှိရေးနှင့် မြေဆီလွှာထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဒေသ ဒေသမျိုးရင်း သစ်မျိုးများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို စီမံကိန်းကာလ ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
(သတင်းစဉ်)