မော်စကို ဇွန် ၉

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ အီဘရာဟင်ရိုင်စီတို့သည် ပူးတွဲစီးပွားရေးနှင့် ကုန်သွယ်ရေး စီမံကိန်းများ အကောင်အထည်ဖော်ခြင်းအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကို တစ်သမတ်တည်း ခိုင်မာတောင့်တင်းစေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ပူတင်နှင့် ရိုင်စီတို့သည် ထိုသို့ဆွေးနွေးစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရုရှားနှင့် အီရန်နိုင်ငံတို့၏ လက်ရှိဆက်ဆံရေးအဆင့်အတန်းကို ချီးကျူးခဲ့ကြကြောင်း ရုရှားသမ္မတနန်းတော်က သတင်းထုတ်ပြန်သည်။ 

 

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် အခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့သော်လည်း  အီရန်နျူကလီးယားသဘောတူညီချက်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ တို့ကို ထိန်းသိမ်းထားကာ အပြည့်အဝ အကောင်အထည်ဖော်နိုင်မည့် နောက်ဆုံးသဘောတူညီ ချက်တစ်ရပ်ရရှိရန် သံတမန်နည်းအရကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ကြကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ