နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦး၊  ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှ အဆက်)

ဆက်လက်၍           တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက အဆိုပါယာဉ်များ မြေစိုက်ဘဝရောက်နေသည်မှာ သုံးနှစ်၊ လေးနှစ်ရှိပြီ ဖြစ်ကြောင်း၊  အမှုမှာ တစ်လတစ်ကြိမ်အမှုပြီးပြတ် ကြောင်း၊ တရားရုံးမှ အမှုပြီးပြတ်သွားပြီး မော်တော် ယာဉ်စီးရေမည်မျှ၊     ဆိုင်ကယ်အစီးအရေမည်မျှ စသည်တို့ကို လေလံပစ်နိုင်လျှင်ပစ်ပြီး  နိုင်ငံတော် တည်ဆောက်ရေးတွင် အသုံးပြုနိုင်ကြောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် လုပ်ထားသည်များရှိကြောင်း၊ ဦးစီးအရာရှိများကို    မပေးနိုင်သေးသော်လည်း ကွန်ပျူတာတက္ကသိုလ်၊     နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးများကို ထုတ်ပေးထားကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့်        မော်တော်ယာဉ်များ ဆွေမြည့်ပြီး    မြေစိုက်ဘဝရောက်မည်    မဟုတ် ကြောင်း၊ ထို့ကြောင့်  မိမိပြောသည့်  အစီအစဉ်မျိုး ဆောင်ရွက်ပေးရန်  ရှိ/မရှိ  သိလိုကြောင်း   မေးမြန်း သည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်ဆိုင်ရာဝန်ကြီး ဌာနများကို  သတင်းပေးပို့ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။  

လူထုရင်ဖွင့်သံ   သတင်းဌာနမှ    အယ်ဒီတာ ဒေါ်ခိုင်စပယ်ဦးက လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ၏ အသံကိုလာပြီးတင်ပြခြင်း   ဖြစ် ကြောင်း၊        တာဝန်ရှိသူများဖြေကြားသည်ကို ပြည်သူများကြားနိုင်ရန်အတွက် ရည်ရွယ်၍ မေးခြင်း ဖြစ်ကြောင်း၊ လျှပ်စစ်မီးပေးဝေခြင်းနှင့်   ပတ်သက် ပြီး ၃ နာရီလာ  ၃  နာရီပျက်  ၅၀ ရာခိုင်နှုန်း မီးရရှိ သည့်စနစ်ကို  မည်သည့်အတွက်ကြောင့်  ပြုလုပ် ခဲ့ရသနည်း၊ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော် အတွက် စွမ်းအင်မည်မျှသက်သာပြီး  ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်    မည်မျှလျော့ကျသွား သည်ကို    အများပြည်သူ    သိရှိနားလည်အောင် ဖြေကြားပေးစေလိုကြောင်း၊ နောက်တစ်ချက်က ပေးဝေမှုအပိုင်းတွင် လေးနာရီလာလျှင်  လေးနာရီ ပျက်စနစ်တွင်  လေးနာရီကို အောက်ခြေဓာတ်အား ခွဲရုံက    ပျက်ချိန်ဆိုပြီး      ပိတ်လိုက်ကြောင်း၊ နောက်ထပ် လေးနာရီလာရမည့်အချိန်၌ အထက် ကပိတ်ထားကြောင်း၊  ဓာတ်အားခွဲရုံမှာ  မီးမရှိဟု ဆိုပြီး ထပ်ပိတ်သွားကြောင်း၊ နောက်ထပ်လေးနာရီ ကို  ဓာတ်အားခွဲရုံက   ပျက်ချိန်ဖြစ်သည့်အတွက် ပြန်ပိတ်လိုက်ကြောင်း၊ ထိုသို့ဖြစ်ခြင်းကို ပြည်သူ များက  လာချိန်လည်း  ပျက်/ပျက်   ချိန်လည်း ပျက်သည်ဟူ၍  ပြောနေကြကြောင်း၊  ထိုအခြေ အနေများကိုမည်သို့ ပြေလည်အောင် ဖြေရှင်းပေး နိုင်၊ မပေးနိုင်သိလိုကြောင်း၊ ယခုကဲ့သို့ အချိန်ပိုင်း ပေးမည့်စနစ်က    မည်မျှကြာမြင့်မည်ကို      သိလို ကြောင်း မေးမြန်းသည်။ 

လျှပ်စစ်ဓာတ်အား လိုင်းသုံးစွဲမှု

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အား လိုင်း   သုံးစွဲမှုနှင့်ပတ်သက်ပြီး  မဂ္ဂါဝပ်  ၃၈၀၀ ရှိကြောင်း၊  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၂၉၀၀ သာရှိသည့်အတွက် ၉၀၀ မဂ္ဂါဝပ် လျော့နည်းနေကြောင်း၊ ထိုကိစ္စနှင့်  ပတ်သက်ပြီး လျှပ်စစ်ဓာတ်အားလိုင်း      ဖောက်ခွဲခံခဲ့ရသည့် အတွက် အခက်အခဲများရှိခဲ့ကြောင်း၊ LPG ဓာတ်ငွေ့ မြင့်တက်မှုကြောင့်     အခက်အခဲရှိခဲ့ခြင်း၊       ယခင် သတင်းစာရှင်းလင်းပွဲတွင်လည်း    ရှင်းပြပြီးဖြစ် ကြောင်း၊ အကြမ်းအားဖြင့်  ၃၈၀၀ မဂ္ဂါဝပ်ရှိသော် လည်း ၂၉၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သောကြောင့် ထိုအခက်အခဲများရှိကြောင်း၊ ထိုနေရာမျိုးတွင် ရေအား လျှပ်စစ် ထုတ်လုပ်မှုကလည်း လျော့နည်းသွားသည့် အတွက် ယခုပိုပြီး လျော့နည်းပြီး ဆောင်ရွက်သွားနိုင် သည့် အခြေအနေမျိုးတွင်ရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီးဆောင်ရွက်နေသည့် လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ     တာဝန်ရှိသူ တစ်ဦးက ဖြေကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ဓာတ်အားလိုအပ်ချက်ကို အတတ် နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်    ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊    ပထမဦးဆုံး  ပြောလို ကြောင်း၊ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်ပြောသွားသကဲ့သို့ မီးသုံးစွဲသူပမာဏက  ၃၈၀၀  မဂ္ဂါဝပ်ရှိပြီး အမှန် တကယ် စွမ်းအင်ထုတ်လုပ်နိုင်သည်မှာ  မဂ္ဂါဝပ် ၂၉၀၀ ခန့်သာရှိပြီး ၉၀၀ခန့်လျော့နည်းနေကြောင်း၊ လိုအပ်ချက်ကိုတစ်ပြိုင်တည်း ထုတ်လုပ်မည်ဆိုလျှင် လည်း  လာမည့်နှစ်များတွင် စွမ်းအင်အရင်းအမြစ် ဖြစ်သည့်ရေအား၊ သက်ဆိုင်သည့် အခြားစွမ်းအင် ကဏ္ဍများကို တစ်နှစ်ပတ်လုံးသုံးစွဲ၍ရရန်  ချိန်ညှိပြီး ထုတ်လုပ်ရသည့်     အနေအထားများရှိကြောင်း၊ နောက်တစ်ချက်သည်       ဓာတ်အားထုတ်လုပ်မှု ဈေးနှုန်းများ မမြင့်မားစေရန် နိုင်ငံပိုင်စက်ရုံများနှင့် IBP စက်ရုံများကို ဈေးကြီးသည့် ဓာတ်အားပမာဏ နှင့်   ဈေးနည်းသည့်    ဓာတ်အားပမာဏချိန်ညှိ၍ ထုတ်လုပ်ရသည့်  အနေအထားရှိကြောင်း၊ သို့သော် လည်း ယခုလ ၂၃ ရက်နေ့နောက်ပိုင်းမှစပြီး အရေး ကြီးသည့်နေရာများကို  ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ မီးမဖြတ်ဘဲ ဓာတ်အားပေးထားကြောင်း၊ အများပြည်သူကိုလည်း   တိုးတက်ပြီး   ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊    လျော့နည်းနေ သည့် မဂ္ဂါဝပ်  ၉၀၀ ကိုလည်း ဖြည့်ဆည်းနိုင်ရန် နေရောင်ခြည်အရင်းအမြစ်၊ ရေအားအရင်းအမြစ် များမှ တိုးတက်ထုတ်လုပ်နိုင်စေရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ပျက်စီးသွားသည့် တာဝါတိုင်များ သည် စက်ရုံများမှထုတ်သည့် ဓာတ်အားကွန်ရက် ကြီးများကို ထည့်သည့်လိုင်းများဖြစ်သည့်အတွက် လျော့နည်းမှုများအား Recover ဖြစ်ရန် အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်       စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ဖြည့်စွက်ဖြေကြားသည်။ 

လူထုရင်ဖွင့်သံသတင်းဌာနမှ     အယ်ဒီတာ ဒေါ်ခိုင်စပယ်ဦးက လာချိန်လည်းပျက်၊ ပျက်ချိန် လည်းပျက်ဆိုပြီး အောက်ကပိတ်လိုက်၊ အပေါ်က ပိတ်လိုက်ဖြစ်နေသည့် ကိစ္စကို မည်ကဲ့သို့ညှိနှိုင်း ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန      တာဝန်ရှိသူ တစ်ဦးက လာချင်လည်းလာ၊ ပျက်ချင်လည်းပျက် ဆိုသည့်မှာ လက်ရှိစီမံကွပ်ကဲ  နေရသည့်အနေ အထားတွင်မရှိကြောင်း၊  အောက်ခြေကို သေချာ စုံစမ်းကြည့်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်  ပြည်သူလူထုကို  ဓာတ်အားတိုးတက်ရရှိ စေရန်  တတ်နိုင်သမျှ  စီစဉ်ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။ 

ရွှေတြိဂံသတင်းလွှာဂျာနယ်မှ              CEO ဦးထွန်းထွန်းဝင်းက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် ပထမဦးဆုံး ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်   EAOs   များ    တက်ရောက် လက်မှတ်             ထိုးခြင်းများကိုတွေ့ရကြောင်း၊   နယ်ပယ်အသီးသီးကလည်း     ယေဘုယျအားဖြင့် အထိုက်အလျောက်အောင်မြင်သည်ဟု     ဝေဖန် သုံးသပ်ခြင်းများကို  တွေ့ရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိ နေသေးသည့် EAOs များကိုလည်း ထပ်မံဖိတ်ခေါ်၍ ဆွေးနွေးရန်   အစီအစဉ်  ရှိ/မရှိ   သိလိုကြောင်း၊ ဗိုလ်ချုပ်  ရှင်းလင်းပြောကြားသွားသည့်  အထဲတွင် “ဖိတ်ကြားသည့်အတိုင်း လာမည်ဆိုပါက Welcome ပါ” ဟူ၍ လေးကြိမ်ထက်မနည်း ပြောကြားခဲ့ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ အတွေ့အကြုံကို ပြောရလျှင် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီ ကိုယူကြကြောင်း၊  ဥပမာ - မြောက်ပိုင်း မဟာမိတ် အဖွဲ့များ ပင်လုံညီလာခံတက်ရန်  တရုတ်မှ အထူး လေယာဉ်ဖြင့်             လာရောက်ခဲ့ကြကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏     အကူအညီကိုရယူပြီး ချဉ်းကပ်၍ ဒုတိယ၊ တတိယအကြိမ် ထပ်မံဖိတ် ခေါ်ရန်  စီစဉ်ထားခြင်း ရှိ/မရှိ ကို သိလိုကြောင်း၊ နောက်မေးခွန်းတစ်ခုအနေဖြင့်  အာဆီယံအထူး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရန်ရှိကြောင်း၊ ယခင်ကိုယ်စားလှယ်များလာစဉ်   ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ရန် ကြိုးစားခဲ့ရာ အမှုများမပြီးပြတ် သေး၍  တွေ့ရန်ခွင့်မပြုကြောင်း၊ မကြာမီလာမည့် အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အစိုးရ အနေဖြင့်  ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့ခွင့် ပေးမည့် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး

ဗိုလ်ချုပ်ဇော်မင်းထွန်းက  EAOs   များနှင့် ပတ်သက်၍  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို မိမိတို့ အနေဖြင့် ၂၀၂၂ ခုနှစ်အကုန်အထိ တစ်နှစ်တာ ကာလ သတ်မှတ်ထားကြောင်း၊ ကြေညာချက်ထဲ တွင်လည်းပါပြီးဖြစ်ကြောင်း၊  ၂၀၂၂   ခုနှစ်  ကမ္ဘော ဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၏ ခရီးစဉ် အပြီးတွင် ထုတ်ပြန်ပေးခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထိုထုတ်ပေးလိုက် သည့်အထဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည်နှင့်် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်သွားရန်  ဆို သည့်  တိုက်တွန်းချက်ပါပြီးဖြစ်ကြောင်း၊  ယခုမှ ထူးပြီး ဖိတ်ခေါ်ခြင်းမဟုတ်ကြောင်း၊ နှစ်ပတ်လည် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖိတ်ခေါ်ထားသည့်အတိုင်းလာလျှင် မိမိတို့က ကြိုဆိုပါကြောင်း၊ နောက်ထပ်တစ်ခုမှာ     အိမ်နီးချင်းအကူအညီဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အခက်အခဲ မှာ နှစ်မျိုးရှိကြောင်း၊ Internal Factor မှာ မသိချင် ယောင်ဆောင်ခြင်းနှင့်     မကြားချင်ယောင်ဆောင် ခြင်းဖြစ်ကြောင်း၊  External Factor တွင် သတင်း ထောက်ကြီးပြောနေသည့် ပြည်ပနိုင်ငံများဆိုသည့် အသုံးအနှုန်းပါကြောင်း၊ အဖွဲ့အစည်းများဆိုသည့် အသုံးအနှုန်းပါကြောင်း၊  External  Factor မှာ မည်သည့်အခက်အခဲရှိလည်းဆိုလျှင် တချို့သောပြင်ပ အဖွဲ့အစည်းများသည် ရိုးရိုးတန်းတန်းပြောရလျှင် အသိအမှတ်မပြုခြင်းဆိုသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အသိအမှတ်မပြုခြင်းဆိုသည်မှာ     ငြိမ်းချမ်းရေး လုပ်ငန်းကို    လက်ရှိအစိုးရအနေဖြင့် ဆောင်ရွက် နေသည့်အချိန်တွင်  ၎င်းတို့အနေနှင့် လာရောက် ကူညီလိုက်မည်ဆိုလျှင်အလိုအလျောက် ထောက်ခံ ပြီးသားဖြစ်မည်လားဆိုသည့်       အကြောင်းအရာမျိုး External Factor  မှာ မိမိတို့ကြုံတွေ့ရပါကြောင်း၊ ထိုအကြောင်းအရာသည်     ရိုးရိုးတန်းတန်းကြုံ တွေ့ခဲ့ရခြင်းသာ ဖြစ်ကြောင်း။

တမင်သက်သက်  ဆွနေ

အချို့ကြုံတွေ့ရသည်မှာ အကြမ်းဖက်ဆူပူမှုများ ဖြစ်ရန်   တမင်သက်သက်   ဆွနေခြင်းဖြစ်ကြောင်း၊   ဥပမာ    ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့လုပ်ဆောင်နေ သည်ကို   သတင်းထောက်ကြီးတို့   တွေ့ရမည်ဖြစ် ကြောင်း၊   ထိုသို့လုပ်ဆောင်နေချိန်တွင်   မြန်မာ ပြည်သူလူထုအတွက်ဟု       ပြည်သူလူထုဆိုသည့်   နာမည်ခံပြီး ထိုအကြမ်းဖက် PDF များကို ထောက်ပံ့ ပေးကြောင်း၊        မြန်မာပြည်သူလူထုအတွက်ဟူ၍     နာမည်ခံပြီး      ပြည်ပမှာရှိနေသည့်ကိစ္စများကနေ   အလှူငွေများ  ကောက်ခံပေးပို့ခြင်း၊ ဒေါ်လာမည်မျှ ထောက်ပံ့မည်ဆိုပြီးပေးပို့ခြင်း၊   မည်မျှကူညီမည် ဆိုပြီး     ပေးပို့ခြင်းဆိုပြီး    ထောက်ပံ့မှုများမှာ ကျောင်းများကို  မိုင်းခွဲသူများ၊ ဆရာ  ဆရာမများကို   သတ်သည့်သူများ၊   ကျောင်းသားများကို   ကျောင်း မနေနိုင်အောင်လုပ်သည့်သူများ၊ ပြဋ္ဌာန်းစာအုပ်ကို မီးရှို့၊ လုယက်နေသည့်သူများထံသို့  ရောက်နေကြောင်း၊ ထိုကဲ့သို့၎င်းတို့က ထောက်ပံ့ပေးနေသည့်အတွက် ကြောင့်    တချို့သော     EAO     ခေါင်းဆောင်များအထိ မဟုတ်ဘဲ   EAO တပ်ရင်း၊ တပ်ဖွဲ့အဆင့်လောက်အထိ ကိုသာငွေပေး၍   လုပ်နေသည်များရှိကြောင်း၊   ထို ကိစ္စများသည်လည်း    External   Factor   ပင်ဖြစ် ကြောင်း၊ သို့သော် ယခုဝင်လာသည့်အဖွဲ့ ၁၀ ဖွဲ့နှင့် မိမိတို့ဆွေးနွေးမည်ဖြစ်ကြောင်း၊  ထို ၁၀  ဖွဲ့သည် နိုင်ငံတော်နှင့်    ၎င်းတို့၏    တိုင်းရင်းသားပြည်သူ့ အကျိုး၊  ပြည်ထောင်စုအကျိုးကို ကြည့်သည့်သူများ ဖြစ်၍ ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်း များ၊     ထိုလူများသည်လည်း    မိမိပြောခဲ့သည့် External  Factor၊  Internal  Factor များက ဆွဲဆောင်စည်းရုံးမှုမျိုးစုံ   ပြုလုပ်ခြင်းများ   ခံခဲ့ရပါ ကြောင်း၊ သို့သော်  ၎င်းတို့အနေနှင့်   တကယ့်ကို ပြည်ထောင်စုအကျိုးနှင့် ၎င်းတို့၏  တိုင်းရင်းသား လူမျိုး၏အကျိုးကို ကြည့်သောကြောင့် လာရောက် ခြင်း ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ နှင့်ပတ်သက်၍ ဆက်ဆံရေးကို မိမိတို့အထူးအလေး ထားပါကြောင်း၊     ချစ်ကြည်ရင်းနှီးစွာ            ဆက်ဆံ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏     ငြိမ်းချမ်းရေး၊       တည်ငြိမ်ရေးနှင့်       ဖွံ့ဖြိုးတိုးတက်ရေးအကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၏  စစ်မှန်သည့် လုပ်ဆောင်ချက်ကို မဆို မိမိတို့ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အာဆီယံအထူး  ကိုယ်စားလှယ် ကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေနှင့်  ယခင်ရပ်တည် ချက်အတိုင်းသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်နိုင်ငံ တည်း   ထူးဆန်းပြီးလုပ်နေခြင်း     မဟုတ်ကြောင်း၊     မည်သည့်နိုင်ငံကမှ အမှုရင်ဆိုင်နေဆဲသူများနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ကို   မိမိလည်းမမြင်ဖူးပါ ကြောင်း၊ ထို့ကြောင့်  မိမိတို့နိုင်ငံကို  ပြောနေသည့်   အာဆီယံနိုင်ငံများမှ   တချို့နိုင်ငံများကို   မိမိ ထောက်ပြရမည်ဆိုလျှင်    ထိုနိုင်ငံများတွင်လည်း  နိုင်ငံရေးအမှု၊ အဂတိအမှုများနှင့်  တရားစွဲဆိုခံရ သည့်၊  ထောင်ချခံရသည့်၊ အမှုအရ အရေးယူခံရသည့် နိုင်ငံခေါင်းဆောင်များရှိကြောင်း၊     နိုင်ငံထဲမှ ထွက်ပြေးသွားသည့် ခေါင်းဆောင်များရှိ ကြောင်း၊ ထိုနိုင်ငံများမှာ ၎င်းတို့ကို အရေးယူသည့် အခါတွင် မည်သူ့ကို    တွေ့ခွင့်ပေးခဲ့သလဲဟု    မိမိမေးလို ကြောင်း၊  တွေ့ခွင့်ပေးခဲ့သည့်  အထောက်အထား ရှိခဲ့လျှင် မိမိကိုပြောပါ၊ ပြပါဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး ရွှေတြိဂံသတင်းလွှာဂျာနယ်မှ CEO  ဦးထွန်းထွန်းဝင်း က ယခုအစိုးရလက်ထက် တစ်နှစ်ကျော်ကာလအတွင်း ယခင် NLD အစိုးရ၏ အကျင့်ပျက်ခြစားမှု၊     အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှုကော်မရှင်က တရားစွဲဆိုနေသည် ကိုတွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍  ကြိုဆို သည့်အဖွဲ့များရှိသကဲ့သို့        အတိုက်အခံအဖွဲ့များ ကလည်း          အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို နိုင်ငံ‌ရေးအရ  ခုတုံးလုပ်၍ တရားစွဲနေ သည်ဆိုသည့်ပုံစံမျိုးများ     ပြောနေသည်များကို လည်း   မိမိတို့တွေ့ရကြောင်း၊ အဂတိလိုက်စားမှု ဆိုသည်မှာ အစိုးရအဆက်ဆက်  မည်သည့်နေရာ တွင်  မဆိုရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အစိုးရလက်ထက်တွင် လည်း အဂတိလိုက်စားမှုများရှိနေကြောင်း၊ ဥပမာ ဆောက်လုပ်ရေးတင်ဒါလောကတွင်    ဝန်ထမ်း အကြီးအကဲများကိုယ်တိုင်    အဂတိလိုက်စားနေ သည်များ  မိမိတို့တွေ့နေရကြောင်း၊   ထို့ကြောင့် နစ်နာသည့်   ပြည်သူများက        တိုင်ကြားလျှင်သော် လည်းကောင်း၊ မိမိတို့သတင်းမီဒီယာများက စုံစမ်း ဖော်ထုတ်ရေးသား၍‌သော်လည်းကောင်း ထိုအခြေ အနေမျိုးတွင်    အဂတိတိုက်ဖျက်မှုကော်မရှင်က သော်လည်းကောင်း၊  အစိုးရကသော်လည်းကောင်း တရားစွဲဆိုအရေးယူရန်     ရှိ/မရှိ    သိလိုကြောင်း မေးမြန်းသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး

ဗိုလ်ချုပ်ဇော်မင်းထွန်းက    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်     မည်သည့်အစိုးရ တက်တက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်ပါကြောင်း၊  ကော်မတီများ၊ ကော်မရှင်များ တွင် ၎င်းတို့လိုက်နာရမည့်   စည်းမျဉ်း၊  စည်းကမ်း များရှိပြီးဖြစ်ကြောင်း၊    မချိုးဖောက်ခဲ့ဘူးဆိုလျှင် မည်သည့်အစိုးရအဖွဲ့အစည်းဖြစ်စေ၊  ပုဂ္ဂလိကအဖွဲ့ အစည်းဖြစ်စေ        အရေးယူစရာအကြောင်းမရှိပါ ကြောင်း၊ ထို့ ကြောင့်  NLD  လက်ထက်တွင် တာဝန် ထမ်းဆောင်ခဲ့သည့်    ဝန်ကြီးများ၊   ဒုဝန်ကြီးများ အများကြီးရှိကြောင်း၊   အရေးယူခံရသည့်   ဝန်ကြီး အရေအတွက်၊ ဒုဝန်ကြီးအရေအတွက်နှင့် မည်သည့် အသံမျှမကြားရသည့် ဝန်ကြီးအရေအတွက်၊ ဒု ဝန်ကြီးအရေအတွက်        သတင်းထောက်ကြီး ကိုယ်တိုင်မည်မျှရှိသည်ကို    နှိုင်းယှဉ်ကြည့်စေလို ကြောင်း၊ သေချာသည်မှာ မည်သည့်အရာမျှ လုပ်ခဲ့ သည့်သူကို   မည်သည့်အရာကမှ  အရေးယူ၍မရပါ ကြောင်း၊   လူတစ်ယောက်သည်   အပြစ်မရှိဘဲ အရေးယူခံသည်ဆိုသည်မှာ     တော်တော်လေးကို ခဲယဉ်းပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း မည်သည့်အစိုးရ၊  မည်သည့် အဖွဲ့အစည်းကိုမျှ   ၎င်းကလုပ်မည်     မဟုတ်ပါ ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သည်လည်း  ၎င်းကို တိုင်ကြားလာသည့် လုပ်ငန်းမှန် သမျှ၊ စစ်ဆေးလာသည့် လုပ်ငန်းမှန်သမျှကို အရေးယူ ဆောင်ရွက်နေသည်များရှိကြောင်း၊    ယခုအချိန် တွင်လည်း တိုင်ကြားနေသည်များလည်း ရှိကြောင်း၊ မိမိတို့ အရေးယူဆောင်ရွက်နေပါကြောင်း။

အချို့ကိစ္စများတွင်           အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုယ်တိုင်က လုပ်နေသည် များရှိပါကြောင်း၊   ဥပမာ  ရန်ကုန်၌ဖြစ်ခဲ့သည့်ကိစ္စမျိုး ဆိုလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က    ယခုအချိန်အထိ    စစ်ဆေးနေဆဲဖြစ်ပါကြောင်း၊ အရေးယူရန်အတွက်လည်း စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မီဒီယာများက ရေးမည်ဆိုလျှင်လည်း  ကျော်စောမှုသတင်းအနေ နှင့်သာ   ယူဆမည်ဖြစ်ပါကြောင်း၊    အထောက် အထားနှင့်တိုင်လာမည်ဆိုလျှင် မိမိတို့အရေးယူရ မည်ဖြစ်ပါကြောင်း၊ သတင်းရေးရုံနှင့် ကျော်စောမှု သတင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ကျော်စောမှု ရှိတိုင်းလည်း မိမိတို့က လက်တွေ့တရားဥပဒေအရ အရေးယူ၍ မရပါကြောင်း၊ ကျော်စောမှုရှိရုံနှင့် စုံစမ်း ခံရသည့်    အခြေအနေလောက်သာ   ဖြစ်မည်ဖြစ် ကြောင်း၊ မီဒီယာများက ထုတ်ဖော်ရေးသားတိုင်း လည်း တရားဥပဒေအရ သက်သေခံမှာ အကျုံးမဝင် ပါကြောင်း၊       သို့သော်     ကျော်စောမှုတော့ရှိမည် ကြောင်း ပြန်လည်ဖြေကြားသည်။

နောက်တစ်ခုမှာ      ယခုနောက်ဆုံးရောက်ရှိ လာသည့်    သတင်းဖြစ်ကြောင်း၊  ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အနော်ရထားလမ်း    (၃၅)   ကားလမ်းမှတ်တိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး  တစ်ဦးသေဆုံးကာ  ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်တော်လေးဆိုးကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ယနေ့တွင် ဗုံးဖောက်ခွဲသူကို ဖော်ထုတ်ရရှိပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် သေဆုံး သူနှင့်ပတ်သက်ပြီး အမည်မသိ အသက် ၃၂ နှစ်ခန့် သေဆုံးသည်ဟူ၍   ထုတ်ပြန်ခဲ့ကြောင်း၊  ထိုသူ   ကား မှတ်တိုင်သို့  ဝင်လာသည့်  မှတ်တမ်းဓာတ်ပုံများ ပေးလိုက်မည်ဖြစ်ပါကြောင်း၊    ၎င်းထံတွင်   အိတ် တစ်လုံးပါလာပြီး ထိုအိတ်ထဲတွင် ဗုံးထည့်လာခြင်း ဖြစ်ကြောင်း၊  ၎င်းသည်  အင်္ကျီအနက်ဝတ်ထားပြီး ပုဆိုးဝတ်လာသည့် ပုံစံမျိုးဖြစ်ကာ လက်ကိုင်အိတ် ကိုင်လာကြောင်း၊   ထိုအထဲမှ  ဗုံးဖောက်ခွဲခဲ့သည့် သဘောရှိကြောင်း၊ ၎င်းကျန်ခဲ့သည့်ဖုန်းကို  မိမိတို့ စစ်ဆေးပါကြောင်း၊    စစ်ဆေးသည့်အခါ   ၎င်း ကိုယ်တိုင်လည်း PDF အကြမ်းဖက်သင်တန်း  တက် ရောက်ခဲ့သည့်  PDF  ဖြစ်ပြီး ၎င်းကို  ခိုင်းထားသည့် အကြောင်းအရာများလည်းတွေ့ရကြောင်း၊ အမည် မှာ အောင်ကြီး (ခ) ထိန်လင်းထွန်း၊ (၂၆)နှစ်၊ (အဘ) ဦးတင်ထွန်း၊ ကျောက်တံတားမြို့နယ်  ကွန်ပျူတာ ဆိုင် (စိစစ်ဆဲ)၊ အလုပ်သမားဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး နီးစပ်ရာကိုလည်း မိမိတို့အတည်ပြု ပြီးဖြစ်ကြောင်း၊ ထိုသတင်းထွက်လာပြီး နောက်ပိုင်း တွင် ပြည်ဖျက်မီဒီယာတစ်ခုက လူစည်ကားသည့် နေရာ၌ ဗုံးပေါက်ကွဲခြင်းဖြစ်သောကြောင့် စစ်တပ် က  လုပ်သည်ဟုရေးသားထားကြောင်း၊  ပြီးလျှင် မီဒီယာများကို CCTV မှတ်တမ်းပြမည်ဖြစ်ကြောင်း၊ ၎င်း၏ ဖုန်းအဆက်အသွယ်ထဲရှိ၊ ၎င်းချိတ်ဆက်ထား သည်များကို   မိမိတို့  ပြောလိုက်မည်ဖြစ်ကြောင်း၊ ပေါက်ကွဲသည့်  အထဲတွင်  ဖုန်းမပါသွားသော်လည်း ဖုန်းမှန်မှာ အတော်ပင်အက်ကွဲနေပြီဖြစ်ကြောင်း၊ တော်တော်လေးဖော်ထုတ်ယူရကြောင်း၊ သို့မဟုတ် လျှင်   မိမိတို့ကသေသွားသည့်သူကို    စွပ်စွဲသည် ဆိုသည်မျိုးဖြစ်နေဦးမည်ဖြစ်ကြောင်း ပြောကြား၍ CCTV ကို ပြသသည်။ 

ယင်းမှာ CCTV မြင်ကွင်းတစ်ခုကသာ ပြထား ခြင်းဖြစ်ကြောင်း၊   အခြားမြင်ကွင်းများကို    မိမိတို့ အနေဖြင့် လုံခြုံရေးအရ မပြသနိုင်သော်လည်း ပုံများ ကိုဖြန့်ဝေပေးလိုက်မည်ဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့်    ပြည်သူလူထု၊ လူစည်ကားရာနေရာ၊ ဘာသာရေးအဆောက်အဦ ဟူ၍   ရှောင်နေမည်မဟုတ်ကြောင်း၊   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊   မိမိဒေသ၊  ရပ်ရွာလုံခြုံရေး အတွက် ပြည်သူလူထုကလည်း လုံခြုံရေးအဖွဲ့များ နှင့်အတူ    ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။