လေးမျက်နှာ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ သည် ဇွန်လ၉ရက်နေ့ ညနေပိုင်း၌ လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ်လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းသင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မူလတန်း ဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း တက်ရောက်နေသူများအား အမှာစကားပြောကြားခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တို သင်တန်း၌ ကျား(၈)ဦး၊ မ(၄၈)ဦး စုစုပေါင်း(၅၆)ဦး တက်ရောက်သင်ကြားနေကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)