ပင်းတယ ဇွန် ၁၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့တွင်းလမ်းများ မြေသားလမ်းမှ ကတ္တရာ လမ်းခင်းခြင်းအား မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ဇွန်လဆန်းပိုင်းတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည်။

 

မြို့တွင်းလမ်းများဖြစ်သည့် ရွာသစ်ရပ်ကွက်၊ စေတီကြီးလမ်း အရှည်ပေ ၅၅၁ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ အားလည်းကောင်း၊ အော်ယောရပ်ကွက်၊ အော်ယော ၃ လမ်း အရှည်ပေ ၆၅၀၊ လမ်းအကျယ် ၁၀ ပေ၊ ထု ၉ လက်မအားလည်းကောင်း၊ မြို့တွင်းလမ်းနှစ်လမ်းပေါင်း ကျပ်ငွေ သိန်းပေါင်း ၁၈၀ ဝန်းကျင်ဖြင့် မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးခဲ့သည်။

 

ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှု၊ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်မေမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဇွန်လဆန်းပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်