ကျွန်းလှ      ဇွန်      ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ လယ်မြေတွင် ဇွန် ၁၀ ရက် နံနက်ပိုင်းက မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့် ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

 

ပေါင်စနစ်ပျိုးထောင်ခြင်းဖြင့် မျိုးစေ့ဖိုး ကုန်ကျစရိတ်သက်သာပြီး ပျိုးပင်များ တုတ်တိုသန်မာကြောင်း၊ တန်းကြားပင်ကြား (၈× ၆)လက်မ စိုက်ပျိုးခြင်းကြောင့် ကောက်ကွက်ပြည့်မီခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ ပေါင်းမြက်ရှင်းလင်းရ လွယ်ကူခြင်းနှင့် မျိုး‌ကောင်းမျိုးသန့်ရရှိပြီး တစ်ဧကတင်း ၁၀၀ အထက် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

        

အဆိုပါ ပေါင်စနစ်ဖြင့် ပျိုးထောင်နည်း ကွင်းသရုပ်ပွဲသို့ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် ရှမ်းစု၊ တပ်ကုန်း၊ မကျီးအင်းကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)