နေပြည်တော်        ဇွန်       ၁၀

 

နေပြည်တော်၊ ဥတ္တရခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်စေရန် ရည်ရွယ်၍ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ဇွန် ၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သင်တန်းသားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

 

အဆိုပါ သင်တန်းတွင် ဥတ္တရသီရိမြို့နယ်မှ သင်တန်းသား၂၃ ဦး၊ ဇေယျာသီရီမြို့နယ်မှ သင်တန်းသား ၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ သင်တန်းသား ၁၀ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက်လျက်ရှိပြီး ငါးလကြာ စာတွေ့၊  လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာရှိ ငါးမွေးကန် တည်ဆောက်ထားရှိမှုအားလည်းကောင်း၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အဆင့်မြင့်နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျော်စွာဟိန်း(ပြန်/ဆက်