ညောင်ဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ လေးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇွန် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ၂၀၂၂ ခုနှစ် ဧပြီ ၃၀ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည့် လေဘေးသင့် အိမ်ထောင်စု ခုနစ်စုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သိန်းနှင့် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း ငွေကျပ် ၃၁၅၀၀၀၀ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ကိုကြေးမုံ