နေပြည်တော် ဇွန် ၁၀
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက် ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ပြန်လည်၍ လိုက်လံငှားရမ်းပေးလျက်ရှိပြီဖြစ်ရာ ဇွန် ၁၀ ရက်တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)