မံစီ ဇွန် ၁၁ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ ဇွန် ၁၀ ရက် မွန်းလွဲ ၃ နာရီက လက်ထောက်မူလတန်းပြ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း ဆင်းပွဲကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မာင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်များကို စာတတ်မြောက်အောင် သင်ကြားပေးသည်သာမက လိမ္မာရေးခြားရှိအောင်လည်း သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ကလေးငယ်များ၏  ဒုတိယမိဘများကဲ့သို့ တာဝန်ရှိသောကြောင့် ကလေးငယ်များအတွက် လိုအပ်သည့် ပညာများကို မချွင်းမချန် မိမိတို့တတ်စွမ်းသမျှ သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက စနစ်သစ်ပညာရေးနှင့် သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အခြေခံပညာအထက်တန်းကျောင်း (မံစီ) ကျောင်းအုပ်တို့က သင်တန်းနည်းပြများအဖြစ် တာဝန်ယူ၍ ဇွန် ၄ ရက်မှ ၁၀ ရက်အထိ (၇)ရက်ကြာ ဖွင့်လှစ်ခဲ့ရာ ပညာရေးဌာနမှ အသစ်ရွေးချယ်ခန့်အပ်ထားသည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမ  ၂၆ ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)