နေပြည်တော်၊ ဇွန် ၁၁
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ရတနာသိဒ္ဓိ စာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ပညာတံခွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမ သာသနာ့ဗိမာန် ကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာရာမ ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မာလာရာမ ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ လယ်တီပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်