မြဝတီ       ဇွန်       ၁၂

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ ဇွန် ၁၁ ရက် တွင် ၃၆၆ ဦး ဆက်လက်ဝင်ရောက် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၂၀၈ ဦး၊ အမျိုးသမီး ၁၅၈ ဦးအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

 

ထိုသို့ ပြန်လာသူများမှာ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့မှ ဖြစ်ကြပြီး မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ထားကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

mdn