ပင်းတယ ဇွန် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ပင်းတယခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအား ပင်းတယမြို့နယ်၊ ကျားကုန်းစံပြကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင်နိုင်ဦးက အမှာစကားပြောကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရှမ်းပြည်နယ် ပြည်နယ်မှူးမှ သင်တန်းရည်ရွယ်ချက်နှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်သည့် အဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်လာစေရန် ကူညီပံ့ပိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး၊ အာလူး၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ နံနတ်သီး စသည့် ဒေသထွက်အသီးအနှံများအား ယိုထိုးနည်းများကို အဓိကသင်ကြားပေးခဲ့ကြောင်း၊ ဇွန်လ ၆ ရက်မှ ၁၂ ရက်နေ့အထိ သင်တန်းသူ ၂၀ တက်ရောက်ကာ ၎င်းတို့အား သင်တန်းဆင်း အောင် လက်မှတ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)