လေးမျက်နှာ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက စာရေးကွင်း ကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းထွန်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေမှ တက်ရောက် လာသူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိူးကျေးဇူးများနှင့် မြေဆီလွှာ၏ဂုဏ်သတ္တိများ ပြောင်းလဲလာကာ ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်ပြီး စပါးအထွက်နှုန်း တိုးတက်စေကြောင်း ရှင်းလင်းပြောကြားပြီး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်း ဆောင်ရွက်ရာ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့သည်။
လေးမျက်နှာမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၁၀၀၈ ဧက ထည့်သွင်း စိုက်ပျိူးထားပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)