ပန်းတနော် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် တရားမဝင် ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ဇွန် ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် နိုင်ငံတော်အခွန်အခများ လေလွင်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ် ဦးဆောင်သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်၊ Mobile Phone အရောင်းဆိုင်နှင့် ယစ်မျိုးလက်လီလက်ကား ရောင်းချနေသောဆိုင်များတွင် လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်ခြင်း၊ လုပ်ငန်းလိုင်စင်များ အခွန်ဆောင်ထားခြင်းရှိ/မရှိ၊ သိုလောင်ခြင်းမရှိစေရေးနှင့် ပြည်တွင်းကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားမှု အခြေအနေနှင့် အရက်၊ ဘီယာ ကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)