ရန်ကုန်၊ ဇွန်  ၁၃

 

အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၉၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် ဦးစစ်အေး၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ ပါမောက္ခ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်သည် အဓိကကျသည့်အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များကို ပုံသွင်းပေးရသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ယခုကဲ့သို့ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းများကို ပြန်လည်ဖွင့်လှစ်လေ့ကျင့်ပေးရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်ခဲ့သည့်အတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါသော အခြေခံပညာဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော မူဝါဒ၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားလာစေရေး၊ မျိုးဆက်သစ် လူငယ်များကို ထိန်းကျောင်း လေ့ကျင့်ပေးရာတွင် အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်နှင့် ကိုယ်ကျင့် တရားပိုင်းဆိုင်ရာ စံနမူနာပြ ဖြစ်စေရန် ရည်ရွယ်ပါကြောင်း။ 

 

အရည်အသွေးပြည့်ဝသည့် တပည့်များ မွေးထုတ်နိုင်ရန်အတွက်လည်း မိမိကိုယ်တိုင် အရည်အသွေး ရှိရန်၊ အရည်အသွေး ပြည့်ဝနေရန်အတွက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် ကိုက်ညီစေမည့် ပညာရပ်များ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရန် လိုကြောင်း။

 

mdn

 

 

တက္ကသိုလ်နှင့် ဝန်ကြီးဌာနအသီးသီးမှ ပို့ချပေးသည့်ဘာသာရပ် သင်ခန်းစာများကို လေ့လာ မှတ်သားဆည်းပူးပြီး တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးခြင်း၊ သင်ကြားမှုနှင့် အုပ်ချုပ်စီမံမှု အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်  ဒေသန္တရ ဗဟုသုတများကို ဖလှယ်ခွင့်ရရှိမည်ဖြစ်သကဲ့သို့ အတွေးအမြင်များ ဖလှယ်ခွင့် ရရှိနိုင်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခင်မင်ရင်းနှီးမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှ ချမှတ်သော စည်းကမ်းများနှင့်အညီ နေထိုင်လေ့လာ သင်ယူသွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀)၊ သင်တန်းသူ (၄၃၀)၊ စုစုပေါင်း (၄၈၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ () ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်