နေပြည်တော်၊ ဇွန် ၁၃

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်မှုများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင် တက်ရောက်သည့် ပုံစံဖြင့်လည်းကောင်း၊ ဝန်ကြီးရုံးမှ  ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန (ရုံးချုပ်) များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံ အရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဦးစီးဌာနအလိုက် ချမှတ်ထားတဲ့ Quick Win Project များ အောင်မြင်မှုရရှိရေး သက်ဆိုင်ရာ တာဝန်ခံ၊ အရာရှိကြီးများ အားထည့် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များမှ ဖွင့်လှစ်တဲ့ သင်တန်းများ၊ ဌာနတွင်းသင်တန်းများ၊ အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်တဲ့သင်တန်းများသို့ တက်ရောက်ခြင်းဖြင့် မိမိတို့ဝန်ထမ်းများ သင်ယူနိုင်မှု အခွင့်အလမ်းများရရှိပြီး လုပ်ငန်းခွင်မှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများပေါင်းစပ်ကာ မိမိတို့ လုပ်ငန်းတာဝန်များ အောင်မြင်ပေါက်မြောက်အောင် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ လုပ်သက်ပြည့်မီပြီး ဝန်ထမ်းများ Motivate ဖြစ်ရန် ပြက္ခဒိန်နှစ် () နှစ်အတွင်း ရာထူးအဆင့်တိုင်းအတွက် ရာထူးတိုးစာမေးပွဲ () ကြိမ် ကျင်းပနိုင်ဖို့ စီစဉ်ပေးရန်လို အပ်ပါကြောင်း၊ အခြေခံပညာကျောင်းတွေမှာ ဆောင်ရွက်မယ့် အသိပညာပေးလုပ်ငန်းတွေမှာ လိုအပ်ချက်များ၊ အခက်အခဲများ ရှိပါကတင်ပြကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရဲ့ မီးဘေးလုံခြုံရေး စီမံချက်အတိုင်း အကောင်အထည်ဖော်နိုင်ရေး ချပြရှင်းလင်းမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားဖို့နဲ့ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးရေးအဖွဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ရမည့်အချက်များကို အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူကြိုကျောင်းများအနက် လုံခြုံရေးအားနည်းသည့် နေရာများမှလွဲ၍ အားလုံးပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်၍ ECCD ပညာရေးလွှမ်းခြုံနိုင်မှု တိုးတက်မှု အခြေအနေ ပုံမှန်ဆန်းစစ် အကဲဖြတ်ရမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုကျောင်းမှာ ဖွင့်လှစ်လျက်ရှိတဲ့ စက်ချုပ်သင်တန်းများကို ခေတ်မှီပြီး ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မည့် ဝတ်စုံဒီဇိုင်းများလေ့လာကာ ဌာနဝန်ထမ်း Resource Person များကို ဦးစွာ မွမ်းမံသင်တန်းများ ပို့ချပေးသွားရန် ရည်ရွယ်ထားသဖြင့် အစီအမံနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြစေလိုကြောင်း၊ လားရှိုးလူငယ်သင်တန်းကျောင်းမှာ လက်ခံစာသင်ကြားပေးနေတဲ့ ဒေသခံ တိုင်းရင်းသားကလေးများကို နိုင်ငံတော်အတွက် အကျိုးပြုနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာအောင် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရမည်ဖြစ်ပြီး မိတ်ဖက် အဖွဲ့အစည်းများမှ အချိတ်အဆက်မိမိဖြင့် အစီအမံကောင်းများနဲ့တကွ မျက်ခြေမပြတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုတွေနဲ့ပတ်သက်လို့ သတ်မှတ်လျာထားကာလအတွင်း သက်ဆိုင်ရာငွေထုတ်စာရင်းများမှ အချိန်မီထုတ်ယူနိုင်ဖို့၊ စာရင်းဇယား အချက်အလက်ခိုင်မာစေဖို့နဲ့ အကျိုးခံစားခွင့် ရှိသူများလက်ဝယ်အရောက် ပေးအပ်နိုင်ရန် Focal Ministry တာဝန်ရှိသူများနဲ့ စနစ်တက တာဝန်ယူရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအနေဖြင့် ယခုကာလအတွင်း သိုလှောင်ရုံများမှာ Inventory Management Software ကို စတင်အသုံးပြုနိုင်ရန် သင်တန်းပေးနိုင်ခဲ့ပြီး ဒီစနစ်အတွင်းမှာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများ မှာရှိတဲ့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းစာရင်းတွေကို စတင်ထည့်သွင်းနိုင်ပြီ ဖြစ်ပါကြောင်း၊  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း (ဟင်္သာတ) မှာ In Person နဲ့ သင်တန်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်လို့ ဆက်လက်ပြီး ကိုဗစ်ကပ်ရောဂါ မကျရောက်မီက မူလဖွင့်လှစ်ခဲ့တဲ့ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားနိုင်ရေး Calendar ရေးဆွဲထားရမည်ဖြစ်ပါကြောင်း၊ မိုးဦးရာသီမှာဖြစ်ပွားနိုင်တဲ့ ဒေသအလိုက် သဘာဝဘေးများကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် သိုလှောင်ရုံတွေမှာ ပစ္စည်းတွေ သတ်မှတ်အရေအတွက်ထက် လျော့နည်းမှုမရှိစေရေး ဖြည့်တင်းထားရန်နှင့် ဆောင်ရွက်ထားရှိမှုအား ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ သဘာဝဘေးအသိပညာပေး Bill Board စိုက်ထူနိုင်ရေး Minimum Standard Size အတိုင်း နေရာစိစစ်သတ်မှတ်ပြီး စိုက်ထူနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အရေအတွက်နှင့်နေရာများအား အစီအမံဖြင့် ပြန်လည်တင်ပြရန် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မူးယစ်/ပြန်ထူသင်တန်းများမှာ တက်ရောက်ပြီးသူများ အလုပ်အကိုင်ရရှိနိုင်မည့် သင်တန်းအမျိုးအစားများ ပေးနိုင်ပါကပိုကောင်းမည် ဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူများနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီထောက်ပံ့နိုင်မှုနဲ့ Follow up Result အခြေအနေကို မှတ်တမ်းများ စနစ်တကျထားရှိရန်ရန်နှင့် Report လုပ်ရန်အတွက် အားသာချက်၊ အားနည်းချက်များနဲ့ ပြုပြင်ရမည့်အချက်များကို သုံးသပ်ရန် လိုအပ်ပါကြောင်း၊ မသန်အဆင့်သတ်မှတ်ခြင်း Pilot () မြို့နယ်မှာ သင်တန်းဖွင့်လှစ်မှု၊ သင်တန်းသားရရှိမှု၊ ကွင်းဆင်းဆောင်ရွက်မည့်အစီအမံအသေးစိတ်၊ အချိန်ကာလ သတ်မှတ်ချက်နဲ့ Progress ကို ပုံမှန်သိရှိနေရမှာဖြစ်ပါကြောင်း၊ သို့မှသာ အားသာချက်၊ အားနည်းချက်များကို ပြုပြင်နိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပါသည်။

 

ဆက်လက်၍ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းကျောင်းအုပ်ကြီးတို့က လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ လမ်းညွှန်မှု ခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်း ပေးစေလိုသည့် အချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်