နေပြည်တော်၊ ဇွန် ၁၃

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၁,၄၅၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ ကျောက်တလုံး ကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်မြတ်မောင်းနှင် လာသော SURF အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံး တံခါးအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၂၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် အောင်မြတ် (၃၇) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်