ဂျေရုဆလင် ဇွန် ၁၄

 

ဥရောပကော်မရှင်အကြီးအကဲ အာဆူလာဗွန်ဒါလီယန်နှင့် အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီတို့သည် စွမ်းအင်ကိစ္စ ဆွေးနွေးရန် အစ္စရေးသို့ ဇွန် ၁၃ ရက်က ထွက်ခွာခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦးတို့သည် အစ္စရေးတွင် စွမ်းအင်ကိစ္စ ဆွေးနွေးမှု ပြုလုပ်သည်။ အဓိကကမ်းလွန်သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိ ခဲ့သောကြောင့် အစ္စရေးသည် မကြာသေးမီနှစ်များအတွင်း သဘာဝဓာတ်ငွေ့ တင်သွင်းသည့်နိုင်ငံအဖြစ်မှ တင်ပို့သည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

 

ဗွန်ဒါလီယန်သည် နိုင်ငံခြားရေးဝန်ကြီး ယာလာပစ်နှင့် ဇွန် ၁၃ ရက်က တွေ့ဆုံပြီး ဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက်နှင့် ဇွန် ၁၄ ရက်တွင်တွေ့ဆုံမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုတွင် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ။

 

အရှေ့အလယ်ပိုင်းခရီးစဉ်သည် လွန်ခဲ့သောနှစ်က ရာထူးအာဏာ စတင်ရရှိခဲ့သည့် အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီ၏ ပထမဆုံးနိုင်ငံရပ်ခြား ခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး စွမ်းအင်နှင့် အစားအစာလုံခြုံစိတ်ချမှုတို့ကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြသည်။

 

ခေါင်းဆောင်နှစ်ဦးစလုံးသည် ဇွန် ၁၄ ရက်တွင် ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် ရှာတေရက်နှင့် အနောက်ဘက်ကမ်း (West Bank) တွင်တွေ့ဆုံမည်ဖြစ်သည်။

 

အေအက်ဖ်ပီ