ညောင်တုန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာ မြို့မဈေး အနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်း ယာယီထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ဇွန် ၁၃ ရက် ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ EE ဦးကျော်ကျော်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပန်းလှိုင်မြစ်ကမ်း ပြိုကျမှုအား ယာယီထိန်းသိမ်းနိုင်ရန်အတွက် ပေ ၄၂၀ အရှည်ရှိ အုန်းတိုင် နှစ်တန်းသွားဖြင့် မြစ်ကမ်း ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။