ထားဝယ်      ဇွန်     ၁၄

 

၂၀၂၂ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူရှင်များ းဂုဏ်ပြုပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး အထူးကုဆရာဝန် (ရောဂါဗေဒ) ဒေါက်တာစန်းစန်းဝင်းက သွေးလှူရှင်များ သိသင့်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက (၁၃၅)ကြိမ်မြောက် သွေးလှူရှင် ဦးညွန့်ရွှေနှင့် (၂၅)ကြိမ်နှင့် အထက် သွေးလှူရှင် ၅၁ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး သွေးအလှူရှင်များ ကိုယ်စား သွေးလှူရှင် ဦးညွန့်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)