ဘားအံ       ဇွန်        ၁၅

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ကရင်ပြည်နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်နိုင်ရေးအတွက် စီမံကိန်းကျေးရွာ သုံးရွာဖြစ်သည့် ဘားအံခရိုင်၊ ဘားအံမြို့နယ်ရှိ  မုက္ကဒိကျေးရွာ၊ ထုံးအိုင်ကျေးရွာ၊ နော်ဖဒိုကျေးရွာတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းတွေ့ဆုံပွဲကို ဇွန် ၁၄ ရက် ညနေပိုင်းက မုက္ကဒိကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာကော်မတီများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)