နေပြည်တော်       ဇွန်       ၁၅

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သောအဖွဲ့ကို  ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သော ယာကြီး - ကလေးဝ လမ်းပိုင်းကို နှစ်လမ်းသွားလမ်း အဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူ လမ်း အဆင့်မြှင့်တင်ခြင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီ ဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်   (Integrated Check Post) တည်ဆောက်ရေးကိစ္စရပ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်