နေပြည်တော်၊ ဇွန် ၁၅ 

 

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အဖြစ် “အလှကမ္ဘာမြေတေးဂီတ ဖျော်ဖြေပွဲကို  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဇွန် (၁၇) ရက် ၊  သောကြာနေ့ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ နေအောင်၊ ရဲထိုက်၊ ဘုန်းသစ်၊ စောဒယ်နီရယ်၊ မေသန်းနု၊ မယ်လိုဒီ၊ ခိုင်သဇင်ဦးနှင့် ခင်လပြည့်ဝန်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့ တင်ဆက်မှုကို ဇွန် (၁၉) ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)