ရန်ကုန် ဇွန် ၁၆
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးတစ်ပါးနှင့် စေတိယင်္ဂ ဏနိဗဒ္ဓ ဆရာတော်ကြီး နှစ်ပါးတို့အား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဌပူ ဇာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာနိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယ ကဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဂေါပကရုံးဝန်ထမ်းများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နားယူကြည်ညိုကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဌေးလှိုင်က ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာစကားလျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးသုံးပါးတို့၏ ထေရုပ္ပတ္တိကို ဖတ်ကြားလျှောက်ထားကာ ဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ အနုမောဒနာ တရားနားကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထပ်ဆင့်ချီးကျူး ဂုဏ်ပြုခံရသည့် ဆရာတော်ကြီးများမှာ အဘိဓဇမဟာရ ဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ရွာမပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ဗားကရာတိုက်၊ ရွှေတောင်တိုက်သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တထေရဝံသာဘိဝံသနှင့် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ဗားကရာတိုက်၊ သီရိခေမာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိဿုတတို့ ဖြစ်ကြသည်။
ကိုကိုဇော်(သတင်းစဉ်)