တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ် မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများရရှိခဲ့ပြီး ဖြစ်ပါ သည်။ အနာဂတ်တွင်လည်း   အလားတူ   တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေး အရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ   ဖြစ်ပွား ခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။ 
အကြမ်းဖက်အုပ်စုများဖြစ်သည့်   CRPH   နှင့်  NUG  တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးကိုဦးတည်ကာ အကြမ်းဖက် သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများ သည် PDF အပါအဝင်  အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်မှုများကိုပြုလုပ်လာခဲ့ကြပါသည်။ ထိုသို့  ဆောင်ရွက် နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်    ဒီမိုကရေစီ ထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက်မှ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ် ပြီး   တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ  နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး   ဆောင်ရွက် သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်အရ လည်းကောင်း၊ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော    ပါတီစုံဒီမိုကရေစီစနစ်ကို  တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက် အရ လည်းကောင်း စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ် လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ 
သို့ပါ၍ PDF အပါအဝင်    အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ    ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့‌