ဝါးခယ်မ  ဇွန်  ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့ နံနက် ၆ နာရီတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန ၁၂ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၄၉.၉၅ ရာခိုင်နှုန်း‌ဖြေဆိုအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဝါးခယ်မမြို့နယ်တွင် ဌာစစ်ဌာန ၁၂ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂၀၂၆)ဦးရှိရာ ဖြေဆိုအောင်မြင်သူ (၉၃၅)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့်  ၄၉.၉၅ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ပြီး (၁)ဘာသာဂုဏ်ထူး (၃၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူး (၁၁၇)ဦး၊ (၃)ဘာသာဂုဏ်ထူး (၁၂၅)ဦး၊ (၄)ဘာသာဂုဏ်ထူး (၁၅)ဦး၊ (၅)ဘာသာဂုဏ်ထူး (၆)ဦး၊ (၆)ဘာသာဂုဏ်ထူး (၁)ဦးထွက်ရှိကြောင်း သိရသည်။

ဝါးခယ်မ(ပြန်/ဆက်)