သံတွဲ ဇွန် ၁၇
သံတွဲမြို့နယ်တွင် အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို ဇွန် ၁၆ ရက်က အမှတ်(၃)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့ရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်အောင်၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၂ ခုနှစ်အတွက် ဘိုးဘွားတစ်ဦးလျှင် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ် သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ သံတွဲမြို့နယ်တွင် ဘိုးဘွား (၁၂၄၇) ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၇၄၁,၀၀၀၀၀ )သိန်း (သုံးထောင်ခုနှစ်ရာလေးဆယ့်တစ်သိန်း)တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာ ထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)