မိုးကောင်း ဇွန် ၁၇

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ အောင်ချက်ရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မိုးကောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၁၀၉၀)ဦးရှိပြီး (၅၅၂) ဦး ဖြေဆိုအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း(၅၁) ရာခိုင်နှုန်းရှိကာ ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၆)ဦး သုံးဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၈၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၇၈)ဦးရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)