မောင်တော ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန် ခြင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းများတွင် ထုတ်ပြန်ပေးခဲ့သည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မောင်တောမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၂၉၆ ဦးရှိခဲ့ပြီး အောင်မြင်သူ ၄၇၀ ရှိကာ အောင်ချက် ရာခိုင်နှုန်း ၃၆ ဒသမ ၂၇ ရာခိုင် နှုန်းရှိကြောင်းနှင့် မောင်တောမြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၉ ဦး ပါရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်တောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၂၀၂၀ ခုနှစ်တွင် ၁၄ ဒသမ ၂၃ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ၃၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး အောင်ချက် ၂၂ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်မား လာကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်ထံမှ သိရသည်။
အောင်ကျော်စိန်၊သက်လွင်စိုး(ပြန်/ဆက်)